ငါမသိလိုက်တာ...
ငါသိတယ်
ခရမ်းရောင်သစ်ခွတွေ ပွင့်တဲ့အကြောင်း
ငါသိတယ်
အနီရောင်တိမ်တိုက်တွေ အကြောင်း
ငါသိတယ်
လျှို့ဝှက်ချက်များတဲ့ ပင်လယ်ပြင်အကြောင်း
ငါသိတယ်
၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီလည်ပတ်နေတဲ့ ကမ္ဘာကြီးအကြောင်း
ငါသိတယ်
ကောင်းကင်ရဲ့ လွတ်လပ်တဲ့လေဟာနယ်အကြောင်း
ငါသိတယ်
ညဖက်မှာ ပွင့်လန်းတတ်တဲ့ ကြယ်ပန်းခင်းအကြောင်း
ငါသိတယ်။
နွေဦးပုံပြင်ရဲ့ အပူဆုံးဒေသ
ငါသိတယ်
ဒေကာနယ်ဂျီရဲ့ အောင်မြင်မှုလမ်းညွှန်တွေ
ငါသိတယ်
ဘဂါနီနီရဲ့ တယောသီအိုရီ
ငါသိတယ်
မြေပုံထဲမပါတဲ့ ကမ္ဘာပတ်လမ်း
ငါသိတယ်
.......
.......
အို- အကုန်လုံးငါသိခဲ့တယ်။
ဒါပေမယ့်....
ငါမသိတာတစ်ခုတော့ ရှိတယ်။
မင်းနဲ့ခွဲရတဲ့အခါ
ဘယ်လိုအထီးကျန် နေခဲ့ရမယ်ဆိုတာကိုပေါ့....။ ။
(အကြည်တော်၏ "ကဝေပျို၏နိဒါန်း"မှ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Post a Comment